best blogger tips

ရခိုင်နိုင်ငံ

ရခိုင်နိုင်ငံ
www.arakancountry.marayu.com

လူမူရီးရာ




The Arakanese Meeting Point

ARRC PUCHONG

Love Arakan

World Arakanese Organization

နိုင်ငံတကာရခိုင်အမျိုးသားအသင်း(ဥရောပ)

Bangladesh Rakhaing Students Council

ရခိုင်အမျိုးသမီးများအစည်းအရုံး

ရခိုင်သဟာယအသင်း

ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့

ရခိုင်အလုပ်သမားများသမဂ္ဂ

Arakan Rivers Network

Arakan Oil Watch

Arakan-Yunnan Gas Pipeline Campaign

ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း)

လေးဝတီမျိုးချစ် ရခိုင်လူငယ်အသင်း

မြင်းပြားမြို့နယ်

မြောက်ဦးမြို့နယ်သာရေးနာရေအသင်း

Isananadi(အဉ္စန နဒီ)

Arakan Folks

International Arakanese Student Monks

Arakanese Community

ရခိုင်ရို့ရွာ

Arakanese Society New Zealand

Arakan Association Singapore

Arakan Education Foundation (World Wide)

Arakan Refugee Relief Committee

ရခိုင်လူငယ်

Membership Aid Program

Rakhine Youths

Thazon

NANISSARA




စာပီရီးရာ

ရခိုင်သားကြီး စာကြည့်တိုက်

မင်းရာဇာကြီး စာကြည့်တိုက်

ရခိုင်အလင်းရောင်

သာလှဦး ၏ပေါက်ကွဲသံကဗျာများ

ARAKANFOLKS

ARAKAN INDOBHASA

ကျောက်ဖြူ-ရင်သွီးချေ

ကျောက်ဖြူသူ

ThandarMree

ကဗျာချစ်သူ

စိတ်ကူးခြောက်ပိဿနန့် မြောက်ဥူးကဘီလူး

ကျော်ဒိုင်ရာရီ

Satoe Rakhaing Poems

ရခိုင်စာပီ မဂ္ဂဇိင်း

အနာဂတ်လှိုင်း

RAKHITTA

ရခိုင်စာပီနန်းတော်

ရခိုင်ဘာသာစကား

Welcome to Arakan Literature

အလင်းတန်းခါး

ရက္ခဝဏ္ဏ

ရခိုင်သမီးပျို

ရမ်းဗြဲသားချေ

NACHAYGREE

Sawsite Gallery

ကိုခိုင်မြသိန်း (၁)

ကိုခိုင်မြသိန်း (၂)

ခွန်းဒိုင်းသက်သီ

ကိုကြီးကျော်

မာရာယုဘုရင်

Arakan Scientia

မျိုးဆက်သစ်(၁)

မျိုးဆက်သစ်(၂)

ရခိုင်အတွေးအခေါ်

ရခိုင်ချေ

Arakan Mangrove

ဗြမ်းစိကာရ ဝသီ

Arakan New Generation

ဇင်ယော်

U Rite Mray

ဥူးရာဇ်မြီ

ရိုးမတောင်ကုတ်သား

ဂနိန့်ရခိုင်ပြည်

ရိုးမမြီ

အာပူလျှာပူ

Save Arakan

ဆိုင်းဘေးရီးယားငှက်

ရက္ခငှါနီ

ရွှီဖိုးခေါင်နန့် သဇင်ပျို

Rakhaing Greenland

RakhaingChay

Memory Night

Arakan Eagle

Free 4 Rakhaing

ရခိုင်-ကိုးရီးယားသင်တန်း

Thursday, April 18, 2013

သဇင်သူချေ စောင့်နိန်ရေ

မဟာတော်ဝင်    နန်းရင်ပြင်မှာ

ပင်မြင့်ပျော်ရွှင်   ပန်းသဇင်ကို

သမိုင်းစိုင်လာ    တန်ဖို့ထားခ

ရွှီတိုင်းဓည    ရိုးမထိပ်မှာ

ရနံ့ကြိုင်ကြိုင်    သင့်ပျံလှိုင်ဗျာလ်

ထွန်းတောက်နိန်ခ    ရို့ဘဝ.....

ကျွန်းတွင်ဇမ္ဗူ   လူတွင်ရခိုင်

ကမ္ဘာနှံပြား  ထွန်းတောက်ခလည်း

လှိုင်းလီကပုတ်  ကံကြီးဆုတ်လို့

ပြည်တွင်းအယုတ်    သွီးပုတ်တိကြောင်း

ထီးနန်းပျောက်ခ   ပြည်ရက္ခ.....

မြစ်ချောင်းပင်လယ်  တောတောင်ခြုံနား

လယ်ယာတံငါ  ကျပန်းလုပ်ကာ                                                                                                                       

ဖြားရီကဆန်    မုန်တိုင်းကြမ်းလေ့

နီပူမိုးရွာ     ဗိုင့်အိုင်ထဲမှာ

ဖြုတ်ခြင်ဝိုင်းဗျာလ်    ရှင်လျှက်ငရဲ

ရုန်းကန်နိန်ရ    ကျွန်ဘဝ...........

စာပီလည်းဟိ  မြီလည်းဟိကေ

ရိုးရာအမွီ   သမိုင်းမြီကို

ရက္ခိတမှန်  ငါရို့မာန်နန့်

လေးဝတီဖွား   ဇာနီသားရို့

ရခိုင်သားစစ် အမျိုးချစ်ကေ

သွီးစည်းညီညွတ်    ချီတက်ကပ်မေ

သဇင်သူချေ   စောင့်နိန်ရေ

စာစီမပြည့်စွာတိကို နားလည့်ဖြစ်စွာက်ပီးကပ်စီချင်ပါရေ

အားလုံးကျမ္မာပျော်ရွှင်နိုင်ကပ်ပါဇီ....

                                                                                       .......    သျှန်ထွန်းမောင်


Saturday, March 24, 2012

အမှုအမှတ် ၁၆
သို့မဟုတ်
တရားခံဖြစ်သွားသော နိုင်ငံတော်
ဂါမဏိ

၁၆ ရာစုနှစ်တုန်းက စစ်တကောင်းနဲ့ ဒက္ကားမြို့တွေကို သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တဲ့ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံဟာ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဗမာဘုရင်လက်အောက်ကို ကျရောက်ပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒီကစလို့ ရခိုင်ပင်လယ်ပြင်ဟာ ကမ္ဘာ့နယ်ချဲ့ခေတ်၊ ဒုတိယကမ္ဘာစစ်ခေတ်တို့မှာ ဗြိတိသျှအချုပ်အခြာအာဏာအောက်၊ ဖဆပလလွတ်လပ်ရေးခေတ်၊ မဆလ-နဝတ-နအဖ စစ်အာဏာရှင်ခေတ်တွေ တလျှောက်လုံးမှာတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအောက် ရောက်ခဲ့ပြီး အခုနောက်ဆုံး ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာတော့ မနည်းလှတဲ့ အစိတ်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာအောက်ကို တရားဝင် ကျရောက်သွားပါတော့တယ်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ဒီပင်လယ်ပြင်ပိုင်နက်ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ မြန်မာရေတပ် ရန်စောင်ခဲ့ကြပါတယ်။ လက်နက်မဲ့ ဒီမိုကရေစီအတိုက်အခံတွေ၊ လက်နက်အင်အားနည်းတဲ့ တိုင်းရင်းသားတပ်တွေအပေါ် လက်နက်အားကိုး ဗိုလ်ကျမင်းမူနေခဲ့တဲ့ နအဖစစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ ဒီဇယ်ဆီ မတတ်နိုင်လို့ ပင်လယ်ထဲ ကျောက်ချနေရင်နေ၊ ကျောက်မချရင် စက်ပိတ်မျှောနေရချိန်မှာ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောတွေက မီးခိုးတလူလူနဲ့ ပတ်မောင်းပြီး စစ်ဟန်ရေးပြနေတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေခဲ့ရပါတယ်။

နှစ်နိုင်ငံစလုံးရဲ့သခင်ကြီး တရုတ်က ကြားဝင်ဟန့်တားခဲ့လို့ စစ်ရေးပိုင်းမှာ ဒါလောက်နဲ့ ပြီးသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီပင်လယ်ပိုင်နက်ကိစ္စကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးမှာ တရားဝင် အမှုစွဲခဲ့ပါတယ်။ ဒီစွဲဆိုချက်ကို ခုံရုံးက အမှုအမှတ် ၁၆ အဖြစ် အဲဒီနေ့မှာပဲ လက်ခံစာရင်းသွင်းခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ခုံရုံးမော်ကွန်းထိန်းက မြန်မာစစ်အစိုးရကို အကြောင်းကြားခဲ့သလို ဒီဇင်ဘာ ၁၇ ရက်မှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ အကြောင်းကြားခဲ့ပါတယ်။
*******
မြန်မာနအဖအစိုးရက ခုံရုံးဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ၂၀၀၉ နိုဝင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၀၉ ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၀ ဇန်နဝါရီ ၁၄ ရက်မှာတော့ နအဖအစိုးရက ခုံရုံးဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူးလို့ အကြောင်းကြားခဲ့ပြန်ပါတယ်။ ဒါပေမယ့် အရေးပေါ် ဆွဲခန့်တရားသူကြီးနာမည် အဆိုပြုတင်သွင်းပြီး ရှေ့နေအဖွဲ့ နာမည်စာရင်းတွေ ပေးပို့ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခုံရုံးကို တင်ပြချင်တဲ့ အချက်အလက် ကိန်းဂဏန်း မြေပုံ ရေပုံတွေကို ၂၀၁၀ ဇူလိုင် ၁ ရက်နေ့မှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကတော့ ၂၀၁၀ ဒီဇင်ဘာ ၁ ရက်နေ့ကျမှ ဒီလို အချက်အလက် ကိန်းဂဏန်းတွေ ပေးပို့ခဲ့ပါတယ်။

ခုံရုံးရှေ့ နှစ်ဘက်လျှောက်လှဲချက်တွေကို ၂၀၁၁ ခု စက်တင်ဘာလမှာ လုပ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က စက်တင်ဘာ ၈၊ ၉၊ ၁၂၊ ၁၃၊ ၂၁၊ ၂၂ ရက်တွေမှာ လျှောက်လဲပြီး မြန်မာက စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉၊ ၂၀၊ ၂၄ ရက်တွေမှာ လျှောက်လဲခဲ့ကြပါတယ်။

နအဖအစိုးရဘက်က လျှောက်လဲချက်ထဲမှာ ၁၉၇၄ ခုတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ ရေပြင်ပိုင်နက်ကိစ္စ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ချစ်လှိုင်ကို မြန်မာနိုင်ငံကိုယ်စား သဘောတူ လက်မှတ်ထိုးခွင့်အာဏာမရှိသူအဖြစ် ငြင်းပယ်ပြီး ၁၉၇၄ နဲ့ ၂၀၀၈ ခုတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာတွေကို တရားမဝင်တဲ့သဘော အရူးကွက်နင်းခဲ့ပါတယ်။ (ဗမာစစ်အစိုးရရဲ့ ကတိတွေ စာချုပ်တွေ ဘယ်လောက်ယုံရတယ် ခိုင်မာတယ်ဆိုတာ ပြနေပါတယ်။)

နအဖအစိုးရဟာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဂွမြို့တောင်ဘက်နားအထိသာ သတ်မှတ်ထားပေမယ့် ခုံရုံးမှာတော့ မော်တင်စွန်းအထိ ကမ်းခြေအရှည် ၅၈၇ ကီလိုမီတာ ပြခဲ့ပါတယ်။ ခုံရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကိုယ်စားပြုသူက နိုင်ငံခြားရေးဝန်ကြီး (အမျိုးသမီး) ဒီပုမိုနီ၊ လက်ထောက်အဖြစ် နိုင်ငံခြားရေး အထူးအတွင်းဝန် အငြိမ်းစားရေတပ်ဗိုလ်ချုပ် ခါရ်ရှစ်ဒ်အလမ်၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ၁၊ ဂျာမဏီဆိုင်ရာ သံအမတ်ကြီး ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၃၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၃၊ အကြံပေးတွေအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၄၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ရေကြောင်းပထဝီပညာရှင် ၃၊ တသီးပုဂ္ဂလ ကျွမ်းကျင်သူတွေအဖြစ် အမေရိကန်နိုင်ငံက အဏ္ဏဝါဘူမိဗေဒပညာရှင် ၁၊ ဂျာမဏီနိုင်ငံက ဘူမိဗေဒပညာရှင် ၁၊ အငယ်တန်း ဥပဒေအတိုင်ပင်ခံအဖြစ် ဂျာမဏီနိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း အမေရိကန် ၉၊ ဗြိတိသျှ ၆၊ ဂျာမန် ၂၊ ဘင်္ဂလားဒေ့ရှ် ၈ ဦး ဖြစ်ပါတယ်။ အမေရိကန် ဥပဒေပညာရှင်တွေမှာ နာမည်ကြီး Foley Hoag ရှေ့နေကုမ္ပဏီက ရှေ့နေ ၂ ယောက်ပါဝင် ပါတယ်။

မြန်မာနိုင်ငံကို ကိုယ်စားပြုသူကတော့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင်၊ လက်ထောက်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လှမျိုးနွယ်နဲ့ ရှေ့နေချုပ်ရုံးက ဦးကျော်ဆန်း၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၄၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အကြံပေးတွေအဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၁၊ မြန်မာရေတပ်ဗိုလ်မှူးကြီး ၁၊ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ၁၊ မြန်မာသံရုံးဝန်ထမ်း ၃၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်း ၂၊ ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၃၊ ရိုမေးနီးယားနိုင်ငံက ရေကြောင်းပညာရှင် ၁၊ အမေရိကန်နိုင်ငံက ပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း ပြင်သစ် ၇၊ အမေရိကန် ၄၊ ဗြိတိသျှ ၁၊ ရိုမေးနီးယား ၁၊ မြန်မာ ၁၁ ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြင်သစ်တွေကို အဓိကထား ငှားရမ်းခဲ့တာ ထူးခြားနေပါတယ်။ တိုတယ်လ်ကုမ္ပဏီနဲ့ လက်ဝါးရိုက်ထားတာ ဖြစ်နိုင်ပါတယ်။ အိမ်ရှင်ဂျာမဏီကိုတော့ လျစ်လျူရှုထားပါတယ်။ ဒီနိုင်ငံခြားသားပညာရှင်ဆိုသူတွေကို ၂၀၀၉ ဒီဇင်ဘာကနေ ၂၀၁၂ မတ်လအထိ ငွေ ဘယ်လောက်ပေး ငှားခဲ့ရသလဲ မသိပါ။
*******
ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေသဘောတူစာချုပ် (ကွန်ဗင်းရှင်း) ကို ၁၉၈၂ ခု ဧပြီ ၃၀ ရက်မှာ ချမှတ်ခဲ့ပြီးနောက် အတည်ပြုလက်မှတ်ထိုးတဲ့ နိုင်ငံအရေအတွက် ၆၀ သတ်မှတ်ချက် ပြည့်မီသွားလို့ တနှစ်အကြာ ၁၉၉၄ ခု နိုဝင်ဘာ ၁၆ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။

စာချုပ်အသက်ဝင်လာပြီးနောက် ၁၉၉၆ ခုမှာ လွတ်လပ်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ကို တည်ထောင်ခဲ့ပါတယ်။ ခုံရုံးတည်နေရာက ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂ်ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။ ဒီမြို့ကို စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းကို အခု ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံ နဲ့ ဥရောပအသိုင်းအဝိုင်း EC အဖွဲ့တို့က လက်မှတ်ထိုးထားကြပါတယ်။ မြန်မာနိုင်ငံ မဆလအစိုးရက ၁၉၈၂ ခု ဒီဇင်ဘာ ၁၀ ရက်မှာ သဘောတူ လက်မှတ်ထိုးခဲ့ပြီး နဝတအစိုးရက ၁၉၉၆ ခု မေလ ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကျမှ အတည်ပြုခဲ့ပါတယ်။ ဒီလို သဘောတူ အတည်ပြုထားတဲ့အတွက် ပင်လယ်ပြင်ဥပဒေခုံရုံး ဆုံးဖြတ်ချက်တွေကို မလိုက်နာလို့ မရတော့ပါဘူး။

လွတ်လပ်တဲ့ တရားရုံးဖြစ်တဲ့အတွက် ခုံရုံးဟာ ကုလသမဂ္ဂလက်အောက်ခံ မဟုတ်ပေမယ့် ကုလသမဂ္ဂနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုရှိပါတယ်။ ကုလအထွေထွေညီလာခံမှာ ဒီပင်လယ်ပြင်ခုံရုံးက လေ့လာသူအဆင့်အတန်းနဲ့ တက်ရောက်ခွင့် ရထားသလို ခုံရုံးဝန်ထမ်းတွေဟာလည်း ကုလသမဂ္ဂဝန်ထမ်းတွေလို လစာနဲ့ ခံစားခွင့်တွေ တန်းတူရကြပါတယ်။

ခုံရုံးတရားသူကြီး ၂၁ ဦးကို စာချုပ်ဝင်နိုင်ငံနဲ့ အဖွဲ့တွေက ရွေးကောက်တင်မြှောက်ပါတယ်။ တရားသူကြီးတွေ သက်တမ်းက ၉ နှစ်ဖြစ်ပြီး သုံးနှစ်တကြိမ် တရားသူကြီး သုံးပုံတပုံကို နယူးယောက်မြို့မှာ ရွေးကောက်ပါတယ်။ တရားသူကြီး အရွေးခံရဖို့အတွက် အစည်းအဝေးတက်သူအားလုံးရဲ့ မဲသုံးပုံနှစ်ပုံရဖို့ လိုပါတယ်။ တရားသူကြီး ၂၁ ယောက်ထဲက ခုံရုံးဥက္ကဌနဲ့ ဒု-ဥက္ကဌကို လျှို့ဝှက်မဲနဲ့ သုံးနှစ်သက်တမ်းအတွက် ရွေးကောက်ပါတယ်။ အမှုတခု တင်လာရင်တော့ တရားပြိုင်နိုင်ငံတွေဟာ တရားသူကြီး ၂၁ ယောက်ထဲ ကိုယ့်နိုင်ငံက မပါရင် ad hoc အရေးပေါ် ဆွဲခန့်တရားသူကြီးတယောက်စီ အဆိုပြုတင်သွင်းခွင့်ရှိပါတယ်။ ဒီတရားသူကြီးဟာ မူလတရားသူကြီး ၂၁ ယောက်နဲ့ တန်းတူ ဆောင်ရွက်ခွင့်ရှိပါတယ်။ ၁၉၉၆ ခုကနေ ကနေ့ထိ ပင်လယ်ပြင်ခုံရုံးဟာ အမှုပေါင်း ၁၉ မှုကို လက်ခံရရှိခဲ့၊ ၁၇ မှုကို စစ်ဆေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုက အမှုအမှတ် ၁၆ ဖြစ်ပါတယ်။

ပင်လယ်ပြင်ဥပဒေအငြင်းပွားမှုတွေကို ဒီပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးအပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကလည်း ကိုင်တွယ်ပါတယ်။ ဒါပေမယ့် ပင်လယ်ပြင်ခုံရုံးက စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပြီး မလိုက်နာမနေရ ဖြစ်ပါတယ်။ အယူခံခွင့်မရှိပါ။

လက်ရှိတရားသူကြီး ၂၁ ဦးကတော့ ...

• အာရှတိုက်က ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုးရီးယား၊ လက်ဘနွန်
• အာဖရိကတိုက်က တောင်အာဖရိက၊ ဆီနီဂေါ၊ တန်ဇန်းနီးယား၊ ကိပ်ဗာ့ဒ်၊ အယ်လ်ဂျီးရီးယား
• အနောက်ဥရောပနဲ့မြောက်အမေရိကတိုက်က ဂျာမဏီ၊ ပြင်သစ်၊ သြစတြီးယား၊ မောလ်တာ
• အရှေ့ဥရောပက ပိုလန်၊ ရုရှား၊ ယူကရိန်း
• တောင်နဲ့အလယ်အမေရိကတိုက်က ဘရာဇီး၊ ဂရီနေဒါ၊ ထရီနီးဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနား တို့ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုမှာ အရေးပေါ်ဆွဲခန့် တရားသူကြီးတွေအဖြစ် မြန်မာနိုင်ငံက အမေရိကန် တရားသူကြီး မစ္စတာဘားနာ့ဒ်အော့က်စ်မင်း၊ ဘင်္ဂလားဒေ့ရှ်က ဂါနာတရားသူကြီး မစ္စတာသောမတ်စ် မင်ဆာကို တင်သွင်းခဲ့လို့ အားလုံးပေါင်း တရားသူကြီး ၂၃ ယောက် ဖြစ်သွားပါတယ်။

ဒီဆွဲခန့်တရားသူကြီးတွေကို တရားပြိုင်နိုင်ငံတွေက လစာပေးရသလား မပေးရလား မသိပါ။
၂၀၁၂-၂၀၁၅ အတွက် ဂျပန်တရားသူကြီးက ခုံရုံးဥက္ကဌဖြစ်ပြီး တောင်အာဖရိကတရားသူကြီးက ဒု-ဥက္ကဌ ဖြစ်ပါတယ်။ ၂၀၀၈-၂၀၁၁ အတွက် ခုံရုံးဥက္ကဌက ကိပ်ဗာ့ဒ်၊ ဒု-ဥက္ကဌက သြစတြီးယားက ဖြစ်ပါတယ်။ တရားသူကြီးအားလုံးဟာ ဥပဒေဘွဲ့ ၂ ခု ၃ ခု ရထားတဲ့ ထိပ်တန်းဥပဒေပညာရှင် professional တွေ ဖြစ်ကြပါတယ်။
*******
ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာ စီရင်ချက်ချခဲ့ပါတော့တယ်။ ခုံရုံးဟာ အချက် ၆ ချက်ကို စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ပထမသုံးချက်က ခုံရုံးရဲ့စီရင်ပိုင်ခွင့်တွေကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။

စတုတ္ထအချက်က စိန့်မာတင်ကျွန်းတဝိုက်က ရေပြင်နယ်နိမိတ်သတ်မှတ်ချက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားသူကြီး ၂၁ ယောက်၊ မြန်မာဘက်က တရားသူကြီး ၁ ယောက် (ထရီနီးဒက်နှင့် တိုဘာဂိုနိုင်ငံ) မဲပေးပါတယ်။ စိန့်မာတင် ကျွန်းရေပြင်ကို တဝက်ခွဲယူဖို့ မြန်မာ့ကြိုးပမ်းချက် ပယ်ချခံရပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်အာဖရိကအပြင် မြန်မာကတင်ထားတဲ့ ဆွဲခန့် အမေရိကန်တရားသူကြီးကပါ ဘင်္ဂလားဒေ့ရှ်ဘက်က မဲပေးခဲ့ပါတယ်။

ပဉ္စမအချက်က စိန့်မာတင်ကျွန်းအလွန်ကနေ မိုင် ၂၀၀ အထိ သီးသန့်စီးပွားရေးဇုန် ပင်လယ်ပြင်ပိုင်နက်ကို ဆုံးဖြတ်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ၂၁ မဲ၊ မြန်မာဘက်က ၁ မဲ (ထရီနီးဒက်နှင့်တိုဘာဂို) ရပါတယ်။
ဆဋ္ဌမအချက်ကတော့ သီးသန့်စီးပွားရေးဇုန် မိုင် ၂၀၀ အလွန်နယ်နိမိတ် သတ်မှတ်ရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၉ မဲ၊ မြန်မာဘက်က ၃ မဲ (ဆီနီဂဲလ်၊ ထရီနီးဒက်နှင့်တိုဘာဂို၊ တရုတ်) ရပါတယ်။ ဒါဟာ ပင်လယ်ပြင်ဥပဒေသမိုင်းမှာ ပထမဆုံးစီရင်ချက်ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆိုအရ သူတို့ဟာ ရေပိုင်နက် ၁၀၇,၀၀၀ စတုရန်းကီလိုမီတာ တောင်းတာကို ခုံရုံးက ၁၁၁,၀၀၀ စတုရန်းကီလိုမီတာ ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးသန့်စီးပွားရေးဇုန် မိုင် ၁၃၀ အစား မိုင် ၂၀၀ အပြည့်ရသွားပါတယ်။ မိုင် ၂၀၀ အလွန် ကမ်းဦးရေတိမ်ပိုင်းကိုလည်း လုပ်စားခွင့်ရသွားပါတယ်။

စီရင်ချက် စတုတ္ထပိုဒ်ပါ နေရာဟာ ၂၀၀၈ ခုနှစ်ကုန်ပိုင်းတုန်းက နှစ်ဘက်ရေတပ်တွေ အဓိက စားခွက်လု ရန်စောင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အခုစီရင်ချက် စတုတ္ထပိုဒ်အရ အဲဒီနှစ်နိုင်ငံရေပိုင်နက်ကိစ္စရန်ပွဲမှာ မြန်မာနိုင်ငံဟာ တရားခံအဖြစ် အပြစ်ပေးခံရတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။ နာဂစ်မုန်တိုင်းလို ဆိုးဝါးတဲ့ ဘင်္ဂလားပင်လယ်အော်က ထိုးနှက်ချက် ဖြစ်သွားပါတယ်။
*******
ရခိုင်ပင်လယ်ပြင် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနောက်ဘက်ပင်လယ်ပြင်ကို အဲသလို အမဲဖျက်ခဲ့ကြပါတယ်။

ဂါမဏိ

Friday, March 23, 2012

 ပင်ကိုယ်စိတ်

ကျွန်တော် မမျှော်လင့်ပဲ လူ ၂ ယောက်ကို ဆုံတွိဖူးခပါရေ   ယင်း ၂ ယောက် အကြာင်းကို  ရခိုင် ညီ အကို မောင်နှမတိကို

မျှဝီပီးလိုက်ပါယင့်    သူရို့  ၂ ယောက် မှာ တယောက်က ရန်ကုန်မှာ မွီးဖွားခပါရေ 

အရာတယောက်က ရခိုင်မှာ မွီးလို့ ၆ နှစ်သား အရွယ်လောက်မှာ ရန်ကုန်ကိုပြောင်းစာပါလတ်

ယေခါ သူရို့ ၂ ယောက် တနိန့်/ရက်မှာ မြန်မာဆိုင်တဆိုင်မှာ ဆုံတွိကပ်ပါရေ

ယေခါ ရခိုင်မှာမွီးခရေ လူက  ကျွန်တော်ရခိုင်ပါအကို ယကေ့လေ့ ရခိုင်စကားမပြောတတ် ဇာဖြစ်လို့လည်းဆိုကေ ကျွန်တော် ၆ နှစ်သား အရွယ်လောက်ကပင်  ရန်ကုန်ကိုပြောင်းလာစာလို့ပြောပါရေ

ယင်းချင့်မှာ ရန်ကုန်မှာမွီးရေလူက ထပြောပါရေ သူကဇာပြောလေဆိုကေ ရခိုင်ဆိုစာ ....

(၁)  ရခိုင်စကားပြောတတ်ရရေ

(၂ ) ရခိုင်ရိုးရာအမွီအနှစ်တိကို ထိမ်းသိမ်းရရေ

(၃) ရခိုင်အကြောင်းအရာတိကိုစိတ်ဝင်စားရရေ

(၄) ရခိုင်သမိုင်းကို မသိကေလေ့ရခိုင်ဆိုရေစိတ်ရှိရပါရေ

(၅) ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုတိကို ချစ်မြတ်နိုးရရေလို့ ပြောလိုက်ပါရေ

ယင်းပိုင်ပြောဗြီးခါမှ  ကျွန်တော်ကိုဇာမှာမွီးစာလို့ အကိုထင်ပါလည်း လို့မိန်းပါရေ

သူကလည်း မသိလို့ ပြောလိုက်ပါရေ   ယေခါ သူကပြောပါရေ ကျွန်တော်ကို  ရန်ကုန်မှာ မွီးစော်ပါ အစ်ကို

ယကေ့လေ့  ကျွန်တော်ရခိုင်လို့သိရေအချိန်ကပင်  ရခိုင်လူမျိုးတိကိုရာ လိုက်ရှာလို့ပေါင်းသင်းပါရေ

ရခိုင်ကျောင်းတိကိုရှာပြီးကေလားပါရေ  ရခိုင် အကြာင်းအရာတိ  ရခိုင်သမိုင်းစာအုပ်တိကိုလိုက်ရှာပြီးကေ ဖတ်ခပါရေ

ယင်းနန့် ကျွန်တော် အဓိကပြောချင်စာက အကိုမှာ ရခိုင်ဆိုရေ စိတ်ဓာတ်ကောင်းအားနည်းခလီပါဖို့

ယင်းနန့် ကိုယ့်ရခိုင်စကားကိုတောင် မပြောတတ်စာလို့မြင်ပါရေ အစ်ကိုလို့ သူပြောလိုက်ပါရေ

ယေခါ ရန်ကုန်မှာမွီးရေလူက ကောင်းရှက်လားရေ လို့ထင်ပါရေ တခါတည်းလှည့်ထွက်လားပါရေ

နောက် ၃ လလောက်အကြာမှာ ကျွန်တော်နန့် ယင်းလူနန့် ပြန်တွိ့ကပ်ပါရေ ယေခါ သူက ကျွန်တော်ကို ရခိုင်ပိုင်လာနုတ်ဆက်ပါရေ

ကျွန်တော်က အကို ရခိုင်စကားမပြောတတ်ပါမလားလို့ မိန်းလိုက်ပါရေ ယေခါ သူက ဇာပြန်ပြောလာလေဆိုကေ

အဂု ကျွန်တော် ရခိုင်နန့်ဆိုင်ရေအကြောင်းအရာတိကို ရသလောက်ကိုလေ့လာနိန်ပါရေအကိုလို့   ပြန်ပြောလာပါရေ

နောက်ပိုင်မှာ သူလေ့ ရခိုင်နန့်ဆိုင်အကြာင်းအရတိကို ကျွန်တော်ရို့မသိစာတိကိုတောင် သိလားပါရေ

   

                                           သျှန်ထွန်းမောင်

အားပီးကပ်စီချင်ပါရေ

ခိုင်တော်ရေးဂေါင်းတိကို မလေးသျှားနိုင်ငံ ကွာလာလန်ပူမြို့တော်မှာ ရခိုင်သွီးစည်းညီညွတ်ရေး   အသင်းမှ ကိုခိုင်သီဟရာဇာက ဦးဆောင်ပြီးကေ(၁၂-၁၂-၂၀၁၂)နိန့်မှာ ARRC-MALAYSIA ယုံးမှာ ကျင်းပပြု လုပ်လားပါဖိုး  ဖြစ်တေအတွက် နိုင်ငံတကာရောက်ယှိနီကတ်တေ မျိုးချစ်ပြည်ချစ်ဂေါင်းဆောင်တိမှ အပြုသဘောဆောင်ပါနာအကြံပြုနိုင် ပါကြောင်း အသင်းဂေါင်းဆောင် ကိုခိုင်သီဟရာဇာက အမြင်ချေတိကိုပြောကြားလိုပါရေအခုပိုင်ရခိုင်တော်လှန်ရေး ဂေါင်း ဆောင်တိ ဖော်ထုတ်ရခြင်းမျှော်လင်းချက်က (၁)ပြည်တွင်းထဲ့မှ ပြည်ပနိုင်ငံတကာကိုရောက်ယှိလိုလာကတ်တေ ဝတီလေး ရပ်ကမျိုးချစ်လူငယ်ချေတိကို အမျိုးရေး ၊ နိုင်ငံရေးအမြင်ကျယ်ပြီး၊မိမိတိုင်းပြည်နန့် မိမိရခိုင်လူမျိုးတိအတွက် သူကျွန်မခံလို သည့် စံပြမျိုးချစ်ဂေါင်းဆောင်များကို အားကျအတုယူလာနိုင်အောင် ဖော်ထုတ်ရခြင်းဖြစ်ပါရေ။အေနိန့်သည် အဖရခိုင်ပြည် နန့်  အမိရခိုင်နိုင်ငံကြီးအတွက် အလွန်တရာမှ အရေးကြီးရေ နိန့်တနိန့်ဆိုကေ မှားကောင်းမှာလိမ့်မေမဟုတ်ပါထီးကျိုးစည်  ပေါက်သူကျွန်ဘဝသို့ (၁၁၄၆)ခုနှစ်ကပင် အေနိန့်ဆိုကေ ကျွန်သက်တန်း နှစ်ပေါင်း၂၂၇နှစ်တောင်ယှိလားခဗျာလ် အေနိန့် ကုလားမြေလု ၊ ဗမာကကျွန်ပြုဘဝနန့် ဝတီလေးရပ်က ရခိုင်သားတိမှာ၊ရခိုင်သမတိမှာ ကုန်းရီပြာ့ကျွတ်ဖြစ်လို့ဖြစ်နီကတ် ဗျာလ် သံယံဇာတပေါ့များပါယင့်နန့် ပြည်နယ်နန့်တိုင်း (၁၄)ခုထဲ့မှာ ဒုတိယအဆင်းရေးဆုံးဖြစ်နိဗျာလ် အနိန့်ကမ္ဘာရေးအ ခင်း အပြောင်းအလွဲ့အချိန်အခါနန့် လိုက်ညီစွာ၂၁ရာစုမှာ မျိုးချစ်လူငယ်များသိထားဖို့လိုစွာက လိုအပ်နီပါလို့ (တော်လှန်ရေးဟူသည်မှာဇာလေး?)  (နိုင်ငံရေးဟူသည်မှာဇာလေး?) (လူမှုရေးဟူသည်မှာဇာလေး?)   အေချင်ချေတိကို တစီချေလောက် ခွဲခြားဝေဖန်သုံးသတ်တတ်ဖိုးလိုရေပိုင် အရေးတကြီးသိထားဖို့လိုပါရေ ။ ၁။တောင်းမင်းကြီးဗိုလ်ကျော်ထွှီး၂။ဗိုလ်ချင်းပျံ၃။ဗိုလ်ချစ်စံ၎။မင်းသားကြီးရွှေဘန့်၅။ဒေ့ဝမ်းအောင်ကျော်ရွီ၆။မြို့သူကြီးအောင်ကျော်စံ၇။ခိုင်မိုးလင်း၈။ဗိုလ်ရာဇာ၉။စံကျော်ထွန်း ဇာလုပ်ကတ်ဖို့လေး?.။စုစုပေါင်းဂေါင်ဆောင်(၉)ယောက်ပါ။ စီနီယန် မကျကေ ပြုပြင်အကြံပီးနိုင်ပါရေ နောက်တစ်ခုက ဓါတ်ပုံအပြည့်စုံမရိုသည့်ပါ အကူညီလိုပါရေ အခုပိုပီးလိုက်တေ အီမေး ကို ရခိုင်နန့်ပတ်သက်တေ ဇာအဖွဲ့စည်းကိုမဆို မိမိရို့တတ်နိုင်ဖက်က အားလုံးဝိုင်းဝန်းအကူညီပီးကတ်ဖို့ ပြောချင်ပါရေ လက်ဆက်ကမ်းလည်းပိုပီးစီချင်ပါရေ။ ပြည်တွင်းပြည်ပတော်လှန်ရေးအဖွဲ့စည်များဖြစ်တေ (ALP)ပါတီ ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့စည်များဖြစ်တေ(ALD)လက်ရှိပြည်တွင်းအောင်မြင်နီသော(RNDP)တီရို့ကို၎င်း မိမိတိုင်းပြည်နိုင်ငံအတွက် ဇွဲ့မချောပဲ့အမျိုးသားရေးအသိစိတ်ဓါတ်နန့် တာဝန်ယူလုပ်ပီးနီကတ်တေ မျိုးချစ်ပြည်ချစ်များ၊ပြည်တွင်းပြည်ပ၌ရောက် ယှိနီကတ်တေ အသိပညာသျှင်၊အတတ်ပညာသျှင်များနန့်တကွ အနယ်နေအရပ်ရပ်မှာယနှီိကတ်တေကျနော်မသိယှိရေ တော်လှန်ရေး ၊နိုင်ငံရေးဂေါင်းကြီးများကိုအစိုင်ထာဝရ ရိုသေလေးစား ဦးညွတ်လျှက်…..ခိုင်သီဟရာဇာ

Khaingthihararza@gmail.com  PH/0164320389 /0174798458 MALAYSIA              စည်းရုံးညီးညွတ်ခြင်းသည် အောင်မြင်ခြင်းလမ်းသစ်ဆီသို့…..မိမိရို့ လိုချင်မှုတိုင်းအတွက် စိတ်အားထက်သံမှုကိုရီလောင်း ပီးရရေပိုင် ကြီးကျယ်မြင်မြတ်တေ အောင်မြင်မှုတိအတွက် မိမိရို့ ပိုင်ဆိုင်မှုတိကိုစွန်းလွတ်ရဲ့ကတ်ရဖိုး။                                                                                                                                            မှတ်ချက် ။              ။အမှားပါကေ ခွင်လွတ်ပါ

ရခိုင်သားတိ ကျမ္မာပါစီ။………………………………………………………………………………..………..ရခိုင်သမတိချမ်းသာပါစီ။

       မှတ်ချက်   ကျွန်တော်သူငယ်ချင်းတယောက်ဘက်က ရောက်လာရေ မေးကို arakancountry ညီအကိုမောင်နှမတိ ဘက်ကိုမှဝီပီးလိုက်စာပါ  ဒေစောပိုဒ်ကို ကိုယ့်ရခိုင် မျိုးချစ်တိဘက်ကို ရနိုင်သလောက်မျှဝီပီးကပ်စီချင်ပါရေ

  အားကိုစွာဖြင့်                                                              

                                                                                                                                သျှန်ထွန်းမောင်

Saturday, March 3, 2012

ဒေါက်တာအေးကျော်အတွက် ၀မ်းနည်းအောက်မိန့်ဖွယ်အခမ်းအနားနန့် ဆွမ်းကျွေးပွဲ

ဒါက်တာအေးကျော်အတွက် ၀မ်းနည်းအောက်မိန့်ဖွယ်အခမ်းအနားနန့် ဆွမ်းကျွေးပွဲ (မလေးရှား)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-မလေးရှား) ကဦးဆောင်ပြီးကေ သမိုင်းပညာရှင်လည်းဖြိုက်၊ ရခိုင်ဒီမိုကရေစီ (ပြည်ပ) နာယကကြီးလည်းဖြစ်တေ သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်ကို ရည်စူးဘနာ ၀မ်းနည်းအောက် မိန့် ဖွယ်နန့် ဆွမ်းကျွေး တရားနာပွဲ တစ်ခုကို ၂၀၁၂-ခု မတ်လ (၄)ရက်နိန့်မှာ မလေးရှားနိုင်ငံ ပူချန်းမြို့ အသောကာရာမဘုန်းကြီးကျောင်းမှာ ပြုလုပ်ကျင်းပလားဖို့လို့ လေးဝတီက သတင်းရရှိပါရေ။ ယင်းအတွက်နန့် မလေးရှားမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ဟိနိန်ကတေ ရခိုင်သူ/ရခိုင်သားရို့ရေ ယင်းအခမ်းအနားကို ဆရာကြီးကို အောင့်မိသတိရစီဖို့အတွက် တက်ရောက်ဂုဏ်ပြုကတ်ဖို့စော်ကို လေးဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါရေ။


အစီအစိုင်-

နိန့်ရက်။ ။ ၂၀၁၂-ခု မတ်လ (၄)ရက်။

နိန်ရာ။ ။ အသောကရာမဘုန်းကြီးကျောင်း (TESCO-အနား) -ပူချန်း

အချိန်။ ။ မိုးထဖက် (၉)နာရီ (မလေးစံတော်ချိန်) ကနိန်- နိန့်ခင်းဖက် (၁)နာရီအထိ

Monday, February 27, 2012

ရခိုင်နိုင်ငံရေးအကျဉ်းသားတိ ပြန်လွတ်မြောက်ဖို့ ဆုတောင်းပွဲအခမ်းအနားကို ရခိုင်ကျောင်းသားတိ ပြုလုပ်


ရခိုင်နိုင်ငံရေးအကျဉ်းသားတိ ပြန်လွတ်မြောက်ဖို့ ဆုတောင်းပွဲအခမ်းအနားကို ရခိုင်ကျောင်းသားတိ ပြုလုပ်
ရခိုင်ရိုးမ ( February 27, 2012)

ရခိုင်ရိုးမ(စစ်တွေ)။                 ။ ရခိုင်ကျောင်းသားလေးယောက်အပါအ၀င် ကျန်နိုင်ငံရေး အကျဉ်းသားတိ လွတ်မြောက်ဖို့ဆုတောင်းပွဲ အခမ်းအနားတခုကို စစ်တွေမြို့ဟိ ဂြစ်ဘက်ဘုန်းတော်ကြီး ကျောင်းတိုက်မှာ ဖေဖေါ်ဝါရီလ၂၅ ရက်နိန့် နိန့်ခင်းဖက် ၁၂ နာရီ အချိန်တွင် ကျင်းပခရေ လို့  သတင်းရရှိပါသည်။

အခမ်းအနားကို  ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ပညာစာရနန့် ရဟန်းသင်္ဃာတော်တိ၊ နိုင်ငံရေးပါတီတိ နိုင်ငံရေးအကျဉ်းသားဟောင်းတိ စစ်တွေမြို့ ရပ်မိ၊ ရပ်ဖတိနန့်  ရခိုင်ကျောင်းသားလူငယ် တိအားလုံး ၁၅၀ ကျော်တက်ရောက်ခကြောင်း သိရပါသည်။

အခမ်းအနားမှာ မကြာခင်က ပြန်လည်လွတ်မြောက်လာဂတ်တေ ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ပညာစာရ၊ ဦးက္ကသရိယ၊ ကိုခိုင်ကောင်းဇံ၊ ကိုကျော်ဇံသိန်းနန့် ကိုထွန်းလင်းကျော်ရို့က သူရို့ ခံစားချက်တိကို ပြောပြဂတ်ဗြီးကေ  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားတိက ကဗျာရွတ်ဖတ်ဂတ်ပါရေလို့  ရခိုင်ရိုးမကို ပြောပါသည်။ ပြန်လို့ လွတ်စွာမှာ ပါရေ ကျောင်းသားတယောက်ဖြစ်တေ ကိုထွန်းလင်းကျော်က ရခိုင်ရိုးမက ဆက်သွယ်ရေခါ သူက အဂုပိုင်ပြောသည်။

''ကျွန်တော်ရို့က ထောင်ထဲမှာ မလွတ်ဘဲ ကျန်နိန်ရေ ကိုရဲထက်စိုး၊ ကိုအောင်နိုင်၊ ကိုနိုင်စိုး၊ ကိုအောင်မိုးဇော်ရို့  အယင်လွတ်အောင် ဆုတောင်း စော်ဖြစ်ကြောင်းနန့် သက်ဆိုင်ရာက ခွင့် ပြုချက် နန့် လုပ်စော်တော့ မဟုတ်ပါ စောင့်ကြည့်မှုတိတော့ခါ ရှိပါယင့်'' လို့ ပြောပါသည်။ အခမ်းအနားကို မွန်းဇောင်း ၂ နာရီခွဲမှာ အောင်မြင်စွာ ရုတ်သိမ်းကြောင်းနန့် ညဇာဖက်မှာ FREE STUDENT စာတန်းပါ တီချပ် အဖြူရောင်ဝတ် စစ်တွေတက္ကသိုလ်က ကျောင်းသား ၃၀ ခန့် က မြို့ ပတ် စက်သီးစီး လှုပ်ရှားမှု တခုကိုပါ ပြုလုပ်ခကြောင်း ယင်းနောက် နိုင်ငံရီး အကျဉ်းသားဟောင်း အဖွဲ့က အောက်ဖေါ်ပြပါ ထုတ်ပြန်ချက် တစောင်နန့်  အချက်ငါးချက်ကို တောင်းဆိုခကြောင်း သတင်းရရှိပါသည်။

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်

(ရခိုင်ပြည်)

ခရာဇ်သက္ကရာဇ် ၂၀၁၂-ခု၊ ဖေဖော်ဝါရီလ - ၂၅ ရက်နေ့

ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ်

ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ်

Font size: Decrease font Enlarge font
ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်ပွဲ တစ်ခုကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။


Shwe Gas meeting Yangon
" အခမ်းအနားကို ရန်ကုန်မြို့ ဒို့ရိုးရာ စားသောက်ဆိုင်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ စာတန်းက ကျွန်တော် တစ်ယောက်တည်း ဖတ်တာပါ။ လူပေါင်း ၃၀၀ ခန့် စာတန်းဖတ်ပွဲကို တက်ရောက်ခဲ့ပါတယ်" ဟု စာတန်းရှင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒုဥက္ကဌ ဦးတင်ဝင်းက ပြောသည်။

စာတန်းတွင် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ် ဓါတ်အားသုံးစွဲနေမူနှင့် လက်ရှိ လျှပ်စစ်မီး ပေးဝေနေသာ အနေထားများကို စာတန်းရှင် ဦးတင်ဝင်းမှ တချက်ချင်း ရှင်းလင်း တင်ပြသွားသည်ဟု ဆိုသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာ မီး ၂၄ နာရီကို ရွှေဂတ်စ်က ရရှိဖို့အတွက် စာတမ်းဖတ်ပွဲကို လုပ်တာပါ။ ကျွန်တော် အနှစ်ချုပ် ပြောချင်တာကတော့ ကျွန်တော်တို့ ကျောက်ဖြူမှာ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ခွင့် ပေးပါ။ ကျွန်တော်တို့ကို ရခိုင်က ထွက်တဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းက တရက်ကို ၃၆ မီလီယံ ကုဗပေ အသုံးပြုခွင့်ပေးပါ။ ဒါကိုဘဲ တောင်းတာပါ" ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိလာခဲ့ပြီးနောက်ပိုင်း လျှပ်စစ် ဓါတ်အား အနည်းဆုံး သုံးစွဲခွင့် ရသော ပြည်နယ် တစ်ခု ဖြစ်ပြီး မြို့နယ် ရုံးစိုက်ရာ မြို့များတွင် တစ်နေ့ (၂) နာရီ ကျော်ကျော်သာ လျှပ်မီးရပြီး ကျေးလက်တောရွာများတွင် အစိုးရမှ ဖြန့်ဝေသော လျှပ်စစ်မီးများကို ယနေ့ထိ ရရှိခံစားခြင်း မရှိကြောင်း သိရသည်။


Shwe Gas meeting Yangon
" ရခိုင်ပြည်နယ်ဟာ လျှပ်စစ်မီး အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် အဆိုးဆုံး အဆင့်မှာ ရှိနေပါတယ်။ လျှပ်စစ်ဓါတ်အား သုံးစွဲမှုက ၀.၈ အဆင့်ဘဲ ရှိပါတယ်။ လူသုံးစွဲမှုက ၀.၆၉ အဆင့်ဘဲ ရှိပါတယ်။ မီတာ အလုံးအရေ အတွက်က ၁.၃၆ အဆင့်ဘဲ ရှိပါတယ်။ ဗမာတပြည်လုံးနဲ့ စာရင်ပေါ့။ အခြေအနေက အရမ်းကို ဆိုးရွားနေပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ယခု တင်ပြသော စာတန်းမှာ ရခိုင်ပြည်နယ် လျှပ်စစ်မီး အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ပြည်သူသို့ တင်ပြသော စာတန်းသာ ဖြစ်ပြီး ပြည်သူများ၏ အမြင်သဘောများကို လက်ခံ ရရှိပြီးမှ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ဒီစာတန်းကို တင်ပြပြီးတဲ့ အခါ အစိုးရ အပိုင်းက ဘယ်လို တာဝန်ယူမှုတွေ ရှိလာမလဲဆိုတာ နားထောင်ရမယ်။ ပြည်သူတွေဘက်က တုန့်ပြန်မူ သဘောထားတွေကိုလည်း စုဆောင်းသွားမယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်။ ဒါတွေက ထွက်ပေါ် လာမယ့် အခြေအနေအပေါ်မှာဘဲ ဆက်လုပ်ရသွားမှာ ဖြစ်ပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင် အာရှတွင် အကြီးမားဆုံးသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးများကို တွေ့ရှိထားသော်လည်း အုပ်ချုပ်သူ အစိုးရက အဆိုပါ သဘာဝ ဓါတ်ငွေ့များကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချရန်သာ စိတ်ဝင်စားနေပြီး ရခိုင် ဒေသ ဖွံ့ဖြိုးရေး အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ် မရှိခြင်းကြောင်း အစိုးရ လုပ်ရပ် အပေါ် ဒေသခံ ရခိုင်ပြည်သူများ သာမက မြန်မာ ပြည်သူများကပါ မကျေနပ်မူများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။

Friday, February 24, 2012

ရဲဘော်မင်းသာထွန်း ရုတ်တရက် ကွယ်လွန်

ရဲဘော်မင်းသာထွန်း ရုတ်တရက် ကွယ်လွန်
ရခိုင်ရိုးမ (Friday, February 24, 2012)

(ကိုမင်းသာထွန်း) အိန္ဒိယအကျဉ်းထောင်တိက လွတ်မြောက်လာစိုင်က
နယူးဒေလီ (ရခိုင်ရိုးမ)။          ။ အိန္ဒိယအကျဉ်းထောင်များမှ လွတ်မြောက်လာရေ ရဲဘော် ၃၄ ယောက်ထဲက ရဲဘော် မင်းသာထွန်းရေ ဖေဖေါ်ဝါရီလ ၂၃ ရက်နိ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် သွီးတိုးရောဂါကြောင့် နှလုံးရပ်ကာ ရုတ်တရက်ကွယ်လွန်လားကြောင်း သတင်းရဟိပါရေ။

ရဲဘော်မင်းသာထွန်းရေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် သွီးတိုးရောဂါရှိပြီး ရုတ်တရက် နှလုံးရပ်ကာ ကွယ်လွန်လားရေလို့ သိရပါရေ။ သူသီဆုံးချိန်တွင် အသက် ၃၇ နှစ် ရှိကြောင်း သိရပါသည်။

သူသည် ဒု ဗိုလ် ရာထူးအဆင့်ဖြင့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ NUPA ၏ ရခိုင်ပြည်တပ်မတော် AA မှ ထိုင်းနိုင်ငံ ရနှောင်းခရိုင် ဆက်သွယ်ရေးနှင့် စုဆောာင်းရေးတာဝန်ခံအဖြစ် ပါတီမှ ပီးအပ်တေ တာဝန်တိကို ကျေပွန်အောင် ထမ်းဆောင်ခပါသည်။

NUPA ကို ၁၉၉၆ ခုနှစ်က စတင် ၀င်ရောက် တာဝန်ထမ်းဆောင်ခပြီး ၁၉၉၈ ခုနှစ် အိန္ဒိယစစ်ထောက်လှမ်းရေးတိက Land Fall ကျွန်း ပင်လယ်မျှော့စစ်ဆင်ရေး (Operation leech) တွင် စစ်ဦးစီးချုပ် ခိုင်ရာဇာနန့် တတူ အဖမ်းခံရပါသည်။ ဂေါင်းဆောင် ၆ ယောက် အလုပ်ကြံခံရပြီး အိန္ဒိယအကျဉ်းထောင်များတွင် ၁၃ နှစ် ကြာ အကျဉ်းကျခရပနာ၂၀၁၁ ခုနှစ် မေလ ၁၉ ရက် နိ့တွင် ပြန်လည် လွတ်မြောက်လာရေ ရဲဘော် ၃၄ ယောက်က တစ်ယောက်အပါအ၀င်ဖြစ်ပါသည်။

ရဲဘော်မင်းသာထွန်းရေ ရသေ့တောင်မြို့နယ် မကျေးကျွန်း၊ မင်းကွန်းချောင်းကျေးရွာ ဇာတိဖြစ်ပါသည်။ ဖခင် ဦးစံရွှေမောင်နန့် မိခင် ဒေါ်သောင်းမြစိန်ရို့က မွီးဖွားပြီး မွီးချင်းညီအစ်ကိုမောင်နှမ ၃ ယောက်ထဲက ဒုတိယမြောက်သား ဖြစ်ပါသည်။ သူ ကွယ်လွန်ချိန်တွင် အစ်ကို တစ်ယောက် ညီမ တစ်ယောက် ကျစ်ရစ်ခပြီး နာမေရင်းမှာ အောင်ထွန်းမောင် ဖြစ်ပါသည်။

ကြွင်းကျန်ရစ်တေ ရုပ်အလောင်းကို ၂၄ ရက်နိ မွန်းလွဲ (၃)နာရီမှာ မီးသင်္ဂြိုလ်ဖို့ဖြစ်ကြောင်း သိရပါရေ။

သူသည် ရခိုင်ပြည်လွတ်မြောက်ရေးတိုက်ပွဲဝင်ယင်း ရုတ်တရက်ကွယ်လွန်လားစော်ရေ အဖိနိုပ်ခံ ရခိုင်ပြည်သူ၊ သားတိအတွက် အစားထိုးမရနိုင်ရေ ဆုံးရှုံးမှု ဖြစ်ပါသည်။

Saturday, January 28, 2012

အနာဂတ်ချေ

.................................

တချက်ချေမှားခရေ
သင့်အတွေးခေါ်ချေတခုကြောင်း
နယ်ချဲလက်အောက်မှာ
ကျွှန်ဘဝသက်တမ်းနှစ်နှစ်ရာကျော်ထိ
စာပီ၊ရိုးရာ၊ယဉ်ကျေးမှုနန့်
ဘာသာ၊လူမျိုးသမိုင်းအတွက်
ပြည်ကြီးငိုသံကြားကပ်ပါယင့်လား
ရခိုင်သားရို့..........
ဆန္ဒခရီးတူပါလျှက်နန့်
မညီညွတ်တေခေါင်းဆောင်တိကြောင်း
အားကိုးရာပျောက်နီရေပြည်သူတိဘဝ
ထေရဝါဒဗုဒ္ဒဘာဿာနိုင်ငံတော်မှာ
အနာဂတ်ကုလားမတွေးဝံ့စရာပါကား
သာဂီဖွားရို့.......
လီနန့်အာနီရေ အာလဝနုတ်ဖျားချေတိကို
ဘေးဖယ်ထားပြီးကေ
ရင်ချင်ဆက်နွယ် သာဂီဝင်ရို့
တစိတ်တည်းထား ရို့သွီသားနန့်
ညီညာစည်းလုံး  လက်ချင်ဆက်ဗျာလ်
မွီးမြီရပ်သို့ ချီတက်ကပ်မေ..........
                                             ....................သျှန်ထွန်း

ဇာတိမာန်

 

 

ပျော်မြူးမဝ    ချေကာလကို
တမ်းတခရ    ကြိမ်ပေါင်းမက
နိတိုင်းလိုပင်  စိတ်မှာထင်လို့
အိမ်ပြန်ချင်စိတ်   ရင်တွင်းကြိတ်ပြီး
မွီးမြီရက္ခ   တိုင်းဓညမှာ
သက်ဆုံးထိပင်   မြဲနီချင်လည်း
ကျွန်ပြုခံရ   ဒေဘဝ.................
လိုရာဆန္ဒ   မပြည့်ဝအောင်
ရက်စက်ကြမ်းကြုပ်  အမျိုးယုတ္တိ
နိတိုင်းမက    ညှင်းပန်းခလို့
ငါရို့အမျိုး   ရက္ခိတရို့
ဝီးရပ်ဌာနီ   တိုင်းခြားမြီသို့
ထွက်ခွာလာရ   ရို့ဘဝ...................
တနိတရက်    ထိုမျိုးယုတ်အား
ရခိုင်သားမှန်   ဇာတိမာန်နန့်
နယ်ချဲအစုပ်    အမျိုးယုတ်ကို
ရက္ခမြီက   အပြတ်မောင်းဖို့
ငါရို့စုစည်း   ပြန်ကပ်မေ....... 
                                         စာမရီးတတ်ကေလေ့ ရင်ထဲက ဖြစ်ပေါ်လာရေခံစားချက်ချေတိကို
ဖေါ်ထုပ်ရီးကြည့်စာပါရာ  
                                                       သျှန်ထွန်း

လမ်းမှန်တခုကို ရွှီးနိုင်စီဖို့

 

ဘဝအတွက် ဇာအရည်းကြီးလေဆိုစွာကို အယင်တွေးကြည့်ပြီးမှ
ကိုယ်လုပ်သင့်စွာ လုပ်ချင်စွာ တိထဲက သင့်အနာဂတ် အတွက်
အကောင်းဆုံးလဉ်စဉ်တခုကိုစိုင်းစားပြီးကေ မှန်ကန်ရေဆုံးဖြစ်ချက်တခုကို သင်ကိုယ်တိုင်ရွီးချယ်ချလိုက်ပါ။  
ကိုယ့်ကိုယ်ကို ငါဇာပိုင်လူလေဆိုစွာကို  ရက်ပြတ်သတိထားပြန်ကြည့်လိုက်ပါ
သင်လုပ်ရပ်မှားယွင်နိန်ကေ အချိန်မှီ ချက်ချင်း ကြိုးစားပြုပြင် ပြောင်လည်း ပိုက်နိုင်မှ......
သင်ဖြစ်ချင်ရေရည်မှန်းချက် သင်လျှောက်လာရေပန်းတိုင်ကို တရွိရွိနန့်မြင်လာပါလိမ်မေ..
သင်ဘဝကိုသင့်ကိုယ်တိုင်မပြုပြင်နိုင်ကေ  ကမ်းမမြင်ရရေ ပင်လယ် သမုဒ္ဒရာပြင်မှာ ဖြားရီထက်မှာ ကမ်းမရှိရေ ဗေဒါပင်ပိုင် ကံကြမ္မာကြိုးဆွဲရာနောက်ကို  အသင့်လိုက်ရပါလိမ့်မေ............
လူတိုင်းမှာ ကိုပိုင်လုပ်ပိုင်ခွင့်တိ အများကြီရှိပါရေ........
ယင်းချင့်ထဲက ငါဇာချင်ကို လုပ်ချင်လေ  စိတ်ကြိုက်တခုကို ရွီးပြီးကေ
လုပ်ကြည့်ကပ်စီချင်ပါရေ  နိုင်ငံရေး၊စီးပွားရေး၊ဘာသာရေး လူမှုရေ......................................
အစဆိုရေပိုင် လုပ်စရာအများကြီးပါ လူတိုင်းမှာ လုပ်ပိုင်ခွင့်ရှိရေပိုင် ကြိုးစားပိုင်ခွင့်တိလည်းအများကြီး ရှိပါရေယင်းထဲက ကိုယ်စိတ်ကြိုက်တခု အကောင်းဆုံးဖြစ်အောင်ရွီးပြီးကေ
သင့်အနာဂတ်ပန်းတိုင်အတွက်လှိုင်းလီဇာလောက်ကြမ်းကြမ်းနိန်ဇာလောက်ပူ ငါမနွမ်းဆိုရေစိတ်ကို အချိန်တိုင်းသတိရနိန်ကေ သင်လျှောက်လှမ်းလာရေ ပန်းတိုင်ကိုအဆုံးထိ မရောက်နိုင်ကေတောင်
အနီးဆုံးနိန်ရာမှာ သင်ရောက်နိန်ပါယာ............
 ဒေလောက်နန့်အဆုံးသတ်လိုက်ပါဖို့ဗျာလ်...........

..................စာပီချေတိမရီးဖူးကေလေ့ ရင်ထဲကဖြစ်ပေါ်လာရေ ခံစားချက်တခုကိုရီးထုပ်ကြည့်လိုက်စွာပါ
အမှားပါကေလေ့ နားလည်ပီးကတ်ပါ
.                                                      လိုအပ်ချက်တိရှိကေအကြံပြုပီခကပ်ပါ
...............................................
                                              သျှန်ထွန်း

                 ...................     

ဝန်ထမ်းကျွန်သာဂီနွယ်ဖွား

 

ရခိုင်သားလို့
လျှာနန့်ပြောကာ
သူ့ကျွန်ဘဝမှာ
ပျော်နီယာလာ...............
အောက်သားစိုးရ
လက်ဝါးအောက်မှာ
ဝန်ထမ်းဆိုပင်
စိတ်နီမြင့်ကာ
ကျွန်ရူးအာဏာ
ပြနီလာ........
သာဂီဝင်နွယ်
ရက္ခမှန်ကေ
သင့်၏စိတ်ထား
ဆန္ဒဇောကို
မျိုးချစ်တိအား
ပြောင်းဖို့ကောင်းဗျာလ်
                                         စာရီးတတ်လို့ရီးစာမဟုတ်ပါ  ခံစားနိန်ရစာတိကို ရီးထုပ်လိုက်စာပါရာ အမှားပါကေလေ့ နားလည်ပီးကပ်စီချင်ပါရေ
                                                                     ............................သျှန်ထွန်း