ရခိုင်နိုင်ငံရေးအကျဉ်းသားတိ ပြန်လွတ်မြောက်ဖို့ ဆုတောင်းပွဲအခမ်းအနားကို ရခိုင်ကျောင်းသားတိ ပြုလုပ်
ရခိုင်ရိုးမ ( February 27, 2012)
ရခိုင်ရိုးမ(စစ်တွေ)။ ။
ရခိုင်ကျောင်းသားလေးယောက်အပါအ၀င် ကျန်နိုင်ငံရေး အကျဉ်းသားတိ
လွတ်မြောက်ဖို့ဆုတောင်းပွဲ အခမ်းအနားတခုကို စစ်တွေမြို့ဟိ
ဂြစ်ဘက်ဘုန်းတော်ကြီး ကျောင်းတိုက်မှာ ဖေဖေါ်ဝါရီလ၂၅ ရက်နိန့် နိန့်ခင်းဖက်
၁၂ နာရီ အချိန်တွင် ကျင်းပခရေ လို့  သတင်းရရှိပါသည်။
အခမ်းအနားကို ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ပညာစာရနန်
့ရဟန်းသင်္ဃာတော်တိ၊ နိုင်ငံရေးပါတီတိ နိုင်ငံရေးအကျဉ်းသားဟောင်းတိ
စစ်တွေမြို့ ရပ်မိ၊ ရပ်ဖတိနန့်  ရခိုင်ကျောင်းသားလူငယ် တိအားလုံး ၁၅၀
ကျော်တက်ရောက်ခကြောင်း သိရပါသည်။
အခမ်းအနားမှာ မကြာခင်က ပြန်လည်လွတ်မြောက်လာဂတ်တေ
ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ပညာစာရ၊ ဦးက္ကသရိယ၊ ကိုခိုင်ကောင်းဇံ၊
ကိုကျော်ဇံသိန်းနန့် ကိုထွန်းလင်းကျော်ရို့က သူရို့ ခံစားချက်တိကို
ပြောပြဂတ်ဗြီးကေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားတိက
ကဗျာရွတ်ဖတ်ဂတ်ပါရေလို့  ရခိုင်ရိုးမကို ပြောပါသည်။ ပြန်လို့ လွတ်စွာမှာ
ပါရေ ကျောင်းသားတယောက်ဖြစ်တေ ကိုထွန်းလင်းကျော်က ရခိုင်ရိုးမက ဆက်သွယ်ရေခါ
သူက အဂုပိုင်ပြောသည်။
''ကျွန်တော်ရို့က ထောင်ထဲမှာ မလွတ်ဘဲ ကျန်နိန်ရေ
ကိုရဲထက်စိုး၊ ကိုအောင်နိုင်၊ ကိုနိုင်စိုး၊ ကိုအောင်မိုးဇော်ရို့ 
အယင်လွတ်အောင် ဆုတောင်း စော်ဖြစ်ကြောင်းနန့် သက်ဆိုင်ရာက ခွင့် ပြုချက်
နန့် လုပ်စော်တော့ မဟုတ်ပါ စောင့်ကြည့်မှုတိတော့ခါ ရှိပါယင့်'' လို
့ပြောပါသည်။ အခမ်းအနားကို မွန်းဇောင်း ၂ နာရီခွဲမှာ အောင်မြင်စွာ
ရုတ်သိမ်းကြောင်းနန့် ညဇာဖက်မှာ FREE
STUDENT စာတန်းပါ တီချပ် အဖြူရောင်ဝတ် စစ်တွေတက္ကသိုလ်က ကျောင်းသား ၃၀ ခန်
့က မြို့ ပတ် စက်သီးစီး လှုပ်ရှားမှု တခုကိုပါ ပြုလုပ်ခကြောင်း
ယင်းနောက် နိုင်ငံရီး အကျဉ်းသားဟောင်း အဖွဲ့က အောက်ဖေါ်ပြပါ ထုတ်ပြန်ချက်
တစောင်နန့်  အချက်ငါးချက်ကို တောင်းဆိုခကြောင်း သတင်းရရှိပါသည်။
ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်
(ရခိုင်ပြည်)
ခရာဇ်သက္ကရာဇ် ၂၀၁၂-ခု၊ ဖေဖော်ဝါရီလ - ၂၅ ရက်နေ့
No comments:
Post a Comment